ပေါက်ခေါင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှု အားကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများအား အခြေခံသမဝါယမအသင်း (၈)သင်း၊ အသင်းသား(၁၈၀)ဦး၏ မိုးစပါးစိုက်ဧက (၁၂၀၀)အတွက် ကျပ်သိန်း (၂၄၀၀)အား ပံ့ပိုးပေးခဲ့သည်။

ဆင်ဖြူကန်ကျေးရွာအုပ်စု စန်းသော်တာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးခင်မောင်ချင်း၏ မိုးစပါးစိုက်ခင်းမှ ရက်(၉၀)စပါးမျိုး စိုက်ပျိုးထားရှိမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)