မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုး

မိုးညို ဩဂုတ် ၁၅    

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မိုးညိုမြို့အား ("Clean City" "Green City") ဖြစ်စေရန် ရည်မှန်းလုပ်ဆောင်လျက်ရှိရာ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အရိပ်ရပင်များနှင့် ပန်းအလှပင်များကို စည်ပင်သာယာပန်းခြံရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်များ ဆောင်ရွက်ထားရှိပြီး လမ်းများအလိုက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်(၃)နေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ဗိုလ်နေဝင်းလမ်း၊ အနော်ရထာလမ်း၊ သူရလမ်း၊ စိန်ပန်းမြိုင် လမ်းမကြီးများတွင် အရိပ်ရပင်များဖြစ်သည့် ကံ့ကော်၊ ခရေ၊ စိန်တံချူ၊ သပြေဘူတ၊ ဂျပန်ချယ်ရီ၊ တည်ပင်၊ ပိတောက်၊ ငုချယ်ရီ၊ စိန်ပန်း၊ စည်သပြေ၊ မြေခွေးမြီး၊ အုန်းပွား စသည့် အရိပ်ရပင်များအားလည်းကောင်း၊ ပန်းအလှပင်များဖြစ်သည့် နွယ်သာဂီ၊ ပန်းအိ၊ အေးပန်း၊ စက္ကူပန်း၊ ခိုင်ရွှေဝါ၊ ခရာဝါ၊ ကြံ့စာ၊ ကြေးညို၊ ကြေးစိမ်း၊ ဘိုကတော်၊ ကန်စွန်းပန်း စသည့် ပန်းအလှပင်များကို လမ်းဘေးဝဲ/ယာများတွင်လည်း‌‌ကောင်း လှပအောင် စိုက်ပျိုးထားပြီး ယနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ လမ်းဘေးဝဲ/ယာတို့တွင် ပန်းအလှပင်များ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။                                  

ကိုမင်း(ပြန်/ဆက်)