ကော့သောင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကော့သောင်း ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်‌ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး‌ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ‌အ.ထ.က(ခွဲ) အ.လ.က(၄)ရွှေပြည်သာကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စွန့်ပစ်ပစ္စည်း၏ အဓိပ္ပါယ်နှင့်စွန့်ပစ်ပစ္စည်းအမျိုးအစားအကြောင်း၊ မြို့အတွင်းထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှဖြစ်ပေါ်လာသည့် သဘာဝဆိုးကျိုးများအကြောင်း၊ စွန့်ပစ်အမှိုက် ပြဿနာများကိုဖြေရှင်းနိုင်မည့် နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဟိုတယ်နှင်ခရီးသွားညွှန်ကြားမှုဦးစီး‌ဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးလွင်က အမှိုက်များကို စည်းကမ်းမဲ့စွာစွန့်ပစ်မှုကြောင့် ပင်လယ်ရေနေသတ္တဝါများ အသက်ဆုံးရှုံးရပြီး သဘာဝရေအောက်သယံဇာတများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ပြောကြာခဲ့ပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းကိုကကမ္ဘာကြီးပူနွေးလာသည့် အကြောင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအကြောင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်းကို လျှော့ချနိုင်သည့်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)