နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းဆင့်ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယနေ့နံနက် ၉ နာရီ အချိန်က  ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောနိုင်မှုစွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ မူလတန်းဆင့် ကျောင်းသား/သူများက မိမိတို့ကြိုက်နှစ်သက်သည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)နှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ အဆိုပါ ပုံပြောပြိုင်ပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးဌာနရှိဝန်ထမ်းများနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူ (၃၈)ဦး တက်ရောက်ခဲ့သည်။

လှဝင်း