ရေနံချောင်းတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

ရေနံချောင်း ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ် ကျောင်းကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး ကျောင်းဝန်းအတွင်းရှိ သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေနံချောင်းတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ကျောင်းသား ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများရှိ မိုးရေလှောင်ကန်များ၊ သောက်ရေကန်များ၊ သုံးရေကန်များနှင့် ရေဝပ်သောနေရာများတွင် ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ဖွားခိုအောင်းမှု မရှိစေရေး၊ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ကျောင်းကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့က ပူးပေါင်းဆောင်ရွက်ရာ ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် ဒေါက်တာသီတာထွေးဝင်း၊ သင်တန်းရေးရာဌာနမှူးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်