သာယာဝတီမြို့နယ်တွင် မိခင်နို့တိုက်​​ကျွေးခြင်းနှင့် အာဟာရဖွံ့ဖြိုး​ရေး ရက်သတ္တပတ်အထိမ်းအမှတ် လှုပ်ရှားမှုများ ဆောင်ရွက်

သာယာဝတီ သြဂုတ် ၁၅

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ မိခင်နို့တိုက်ကျွေးခြင်းနှင့် အာဟာရဖွံ့ဖြိုး​ရေး ရက်သတ္တပတ်အထိမ်းအမှတ် လှုပ်ရှားမှုများကို ယမန်​နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာခင်ဝင်း​မော်က အဖွင့်အမှာစကား​ပြောကြားပြီး ဦးစီးအရာရှိ ​ဒေါ်​အေး​အေးသန်းက ယခုနှစ် အာဟာရဖွံ့ဖြိုး​ရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပရသည့် အ​ကြောင်းရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် သာယာဝတီမြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနမှ သားဖွားဆရာမများက စနစ်မှန်မိခင်နို့တိုက်​ကျွေးနည်းကို သရုပ်ပြသင်ကြား​ပေးခြင်းနှင့် အာဟာရဆိုင်ရာ ကျန်းမာရေးဗဟုသုတများအား ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ တက်​ရောက်လာကြ​သော ကိုယ်ဝန်​ဆောင်မိခင်များနှင့် အသက် ၅ နှစ်​အောက်က​လေးများအား အာဟာရရှိ​သော အစားအစာပစ္စည်းများ၊ အိုင်အိုဒင်းဆားထုပ်များ လက်​ဆောင်ပေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)