ဘိုကလေး ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ယနေ့နေ့လယ် (၁) နာရီမှ စတင်ကာ အများပြည်သူ သက်သာချောင်ချိစေရေးကို ရည်ရွယ်၍ ဇီယာဆန်နှင့် ပေါ်ဆန်းဆန်တို့အား ချိုသာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။
ရောင်းချပေးရာတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံး၌ ဆန်လက်လီအရောင်းဆိုင်ဖွင့်လှစ်၍ ဇီယာဆန်(၁)ပြည်လျှင် (၃၀၀၀) ကျပ်နှုန်း၊ ပေါ်ဆန်းဆန် (၁) ပြည်လျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပြည်နှုန်း ရောင်းချပေးခြင်းဖြစ်ပြီး ပြည်သူများမှလည်း ကြိတ်ကြိတ်တိုးဝယ်ယူအားပေးလျက်ရှိကြောင်းနှင့် ဆန်ရောင်းချရာ၌လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးရေးရာဦးစီးဌာနတို့မှ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ ဝိုင်းဝန်းကူညီရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)