ကော့သောင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က (၁၀)မိုင် ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန်နှင့် အသိပညာ ဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတ ရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့် ပြည်စုံရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား စာဖတ်ဝိုင်း ပြုလုပ်ပေး၍ မိမိဖတ်ရှုရသည့် စာအုပ်ထဲမှ ဗဟုသုတ ရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)