ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဘားအံ ဩဂုတ် ၁၄

ကျောင်းသားလူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်လာစေရေးအတွက် ဘားအံခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ခြင်းဖြင့် လယ်သမားဘဝမှ ဝန်ဇင်းမင်းရာဇာ ပညာရှိအမတ်ကြီး ဖြစ်လာခဲ့သည့် စာတိုငညိုအကြောင်းကိုလည်ကောင်း၊ ကရင် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးမြင့်အောင်(ဖြူစင်မြင့်ချို)က ယဉ်ကျေးမှုအနုပညာခေါင်းစဉ်ဖြင့်လည်ကောင်း အသိ ပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများ ဉာဏစွမ်းရည်နှင့်ပြည့်ဝစေရေးအတွက် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြန်မာစကားပုံဆက်ပြိုင်ပွဲများ၊ အရုပ်ဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများ ပျော်ရွင်စွာပါဝင်ဆင်နွှဲခဲ့ပြီး ဆုရသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်