ပန်းတောင်းမြို့နယ် (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ပန်းတောင်း သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  အသိပညာပေး ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားကာ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို (အ.ထ.က) ပန်းတောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က ဗဟုတသုတရဖွယ် ကဗျာများ၊ ကာတွန်များ၊ ပုံပြင်များကို ပြောကြားခဲ့ပြီး ကျောင်သား/ကျောင်းသူများက စိတ်ဝင်တစားနားထောင် မှတ်သားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)