စေတုတ္တရာမြို့နယ်၌ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ(မြို့နယ်အဆင့်) ကျင်းပ

စေတုတ္တရာ ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားတိုးတက်စေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သည့် ရွက်ပုန်းသီးအနုပညာရှင်‌ ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အဆို၊ အက၊ အရေး၊ အတီး(မြို့နယ်အဆင့်)ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (မြို့နယ်အဆင့်) ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်မှာစကားပြောကြားခြင်း၊ မြို့နယ်သဘင်အစည်းရုံးဥက္ကဋ္ဌ ဦးမိုးတင်က ပြိုင်ပွဲဝင်များကို အမှတ်ပေးစည်းမျဉ်းနှင့်ပတ်သက်၍ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ သတ်မှတ်တေးသီချင်းများနှင့် အဆို၊ အကပြိုင်ပွဲများကို သီဆိုကပြ ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်လူကြီးများက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ(မြို့နယ်အဆင့်)သို့ ယှဉ်ပြိုင်လာသော ကျောင်းသား၊ ကျောင်းသူများထဲမှ ထူးချွန်ထက်မြက်၍ ပါရမီရှိသူများကိုရွေးချယ်၍ ခရိုင်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်​ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)