ကရသူရိ သြဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ် တစ်ပိုင်/တစ်နိုင် ငရုတ်စိုက်ပျိုးရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများသာမက အချိန်တိုအတွင်း ဝင်ငွေရသည့် ရာသီပေါ်အသီး/အရွက်များ စိုက်ပျိုးမှုသည့် မိသားစု၏စားဝတ်နေရေးကို ဖူလုံသည့်အတွက် ဒေသတွင်း ဈေးကောင်းရသည့် အပင်များကို ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ငရုတ်သီး ဈေးကောင်းရ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြောင်း လက်ရှိငရုတ်သီးစိမ်း(၁)ဗူးလျှင် (၁၁၀၀)ကျပ် ရရှိကာ ဒေသအတွင်းရှိ ဈေးဆိုင်များသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ငရုတ်ပင်ကို ဆောင်းငရုတ်နှင့် မိုးငရုတ်ဟူ၍ (၂)မျိုးရှိပြီး ဆောင်းရာသီတွင် ရေလောင်းစိုက်ပျိုးခြင်း၊ မိုးရာသီ၌ ဇွန်လတွင် စတင်စိုက်ပျိုးခြင်းဖြင့် ငရုတ်သီးများအထွက်ကောင်း၍ မိသားစုအပိုဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)