လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

လိပ်သို ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ နော်ဇင်မေထွေးက တစ်ကိုယ်ရည်သန့်ရှင်းမှုများရှိစေရန်၊ ကိုယ်ကျန်းမားရေး၊ စိတ်ကျန်းမာရေးဆိုင်ရာဗဟုသုတများကို အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ စနစ်တကျလက်ဆေးတတ်ရန် လက်တွေ့ဆေးကြောပြသခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် လိုအပ်သောဆေးဝါးများကို အခမဲ့တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)