သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားမိဘ အစည်းအဝေး ပြုလုပ်

သံတောင်ကြီး ဩဂုတ် ၁၄              

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ယနေ့ နံနက်(၉)နာရီ အချိန်က ကျောင်းသားမိဘဆရာ အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသူ/ကျောင်းသားများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းစည်းကမ်းများ လိုက်နာစေရန်၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ကျောင်းလုံခြုံရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ ကျောင်းသူ/ကျောင်းသားများ ဘက်စုံထူးချွန်စေရန်မိဘများက ပုံပိုးသွားရန် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြရန် မိဘဆရာပူးပေါင်းမှသာလျှင် ကျောင်းသူ/ကျောင်းသားများ ပညာရေးကောင်းမွန်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဆရာ/မများနှင့် ကျောင်းသားမိဘများက ကျောင်းဖွံဖြိုးတိုးတက်ရေးနှင့် ကျောင်းလိုအပ်ချက်များကို အပြန်အလှန် ပေါင်းစပ်   ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ