ညောင်လေးပင် ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က အာဆီယံမူလွန်ဆေးရုံရပ်ကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးငြိမ်းမောင်မောင်က တစ်ကိုယ်ရည်နှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာများကိုဟောပြောပေးခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့်၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)