မြို့သစ်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်စာကြည့်တိုက်ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု

မြို့သစ် ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ကျေးလက်စာကြည့်တိုက်ဆောက်လုပ်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အဆင့်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေမြင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်နှင့်အဖွဲ့ဝင်များက  ကျေးလက်စာကြည့်တိုက်ဆောက်လုပ်သည့်နေရာသို့သွားရောက်၍ စာကြည့်တိုက်အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် Drawing၊ Design များအတိုင်းဆောက်လုပ်၍ အရည်အသွေးပြည့်မီစေရေးကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)