ရေတာရှည် ဩဂုတ် ၁၃
ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပသည်။
ဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သော်ဇင်အောင်က “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး”ဟူသည့် ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား ကျောင်းသားကျောင်းသူများသိရှိစေရန် အသိပညာပေး ဟောပြောသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၅)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်