ညောင်တုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က လူငယ်များ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရေးနှင့် စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးများ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ စသည့်လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ပြသခဲ့‌ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)