ပန်းတနော်၊ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို သြဂုတ်လ ၁၂ ရက် နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပောာပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ မင်းဝေမှူးက စာပေဖတ်ရှုလေ့လာလိုက်စားခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ပန်းတနော်မြို့ အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀) ဦးတို့မှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)