ဟင်္သာတ၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း(အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ

ဟင်္သာတ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဟင်္သာတမြို့နယ်၊ စစ်ကုန်း ကျေးရွာအုပ်စု၊ (အ.ထ.က) စစ်ကုန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက သင်တန်းဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအကြောင်းနှင့် ရည်ရွယ်ချက်တို့ကို စီမံကိန်းခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့ကာ စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မိမိတို့ဒေသတွင် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေ‌ရေးတို့အား အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟင်္သာတခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ စီမံကိန်းကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား  သြဂုတ်လ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  စာတွေ့၊ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)