ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ကျိုက်လတ် ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက လှိုင်းတာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ထူးခြားသည့်ဝိ သေသများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တက်ရောက်နိုင်ရန် လူငယ်တစ်ဉီးတွင် ပြည့်စုံရမည့်အချက်အလက်များ အကြောင်းတို့ကို ဟောပြောခဲ့ပြီး အ.ထ.က (လှိုင်းတာ) မှ ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(လှိုင်းတာ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)