ကျောင်းကုန်းမြို့၌ စာသင်ကျောင်း (၉၄) ကျောင်း ပြန်လည်ဖွင့်လှစ်

ကျောင်းကုန်း ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့်  ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့် ပိတ်ထားသော စာသင်ကျောင်း (၁၃၆)ကျောင်းမှ ယနေ့နံနက်တွင် (၉၄)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဟု မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်းရှိ အ.မ.က (၂၇)ကျောင်း၊ မူလွန်(၆)ကျောင်း၊ အ.လ.က (ခွဲ)(၁)ကျောင်း၊ အ.လ.က(၁)ကျောင်း၊ အ. ထ.က(ခွဲ)(၃)ကျောင်းနှင့် အ.ထ.က(၄) ကျောင်း ၊ စုစုပေါင်း (၄၂)ကျောင်းသာ မဖွင့်နိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)