ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားလူငယ်များ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေးပြိုင်ပွဲများ ဆောင်ရွက်

ပိုင်ကျုံ  ဩဂုတ်  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့က ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်သူ့စာကြည့်တိုက်၌ ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသားလူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့  ဆောင်ရွက်ပေးခဲ့သည်

ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများဆေင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦးကောင်း‌သောယှဉ်ပြိုင်မှုဖြင့်ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်းလာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်းပြိုင်ပွဲများကို စဉ်‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)