နတ်မောက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် အမှိုက်စွန့်ပစ်ကွင်းအတွင်း မီးဖိုချောင်သုံးသီးနှံများ စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့ မီးဖိုချောင်သုံးသီးနှံစိုက်ပျိုးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ကြီးကြပ်၍ ဝန်ထမ်းများက စိုက်ပျိုးရန်မြေနေရာတွင် ပျိုးဘောင်ဖော်ခြင်းဖြင့် မီးဖိုချောင်သုံးသီးနှံမျိုးစေ့များဖြစ်သည့် ချဉ်ပေါင်စေ့၊ ဘူးစေ့၊ ဖရုံစေ့၊ ရုံးပတီစေ့၊ ခဝဲစေ့စသည့် သီးနှံမျိုးစေ့စုံများကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှဝင်း