ငရုတ်ကောင်း ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်က ငရုတ်ကောင်းမြို့နှင့် တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာအကြား ကားလမ်းမတစ်လျောက်ရှိ ပြည်သူများအား ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ငရုတ်ကောင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေး တာဝန်ခံနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်စန်းစန်းဝင်းတို့က ငှက်ဖျားရောဂါ ဖြစ်ပွားလာရသည့် အကြောင်းအရာများ၊ ဖြစ်ပွားမှုမရှိအောင် ကာကွယ်ရမည့်အချက်များ၊ ငှက်ဖျားရောဂါသည် ခြင်မှတဆင့် ကူးစက်တတ်သောကြောင့် ခြင်ထောင်များဖြင့် အိပ်ကြပါရန်၊ ငှက်ဖျားရောဂါ ဖြစ်ပွားလာပါကလည်း နီးစပ်ရာ ဆေးပေးခန်းနှင့် မြို့ပြည်သူ့ဆေးရုံတို့တွင် အခမဲ့သွားရောက်ပြသခြင်းဖြင့် ဆေးကုသမှု ခံယူကြရန်လိုအပ်ကြောင်းတို့ကို ပြောကြားပြီး ဒေသခံပြည်သူများအား ငှက်ဖျားရောဂါရှိ/မရှိတို့ကို သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်ပေးပြီး အိမ်ထောင်စု(-)အတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)