လေးမျက်နှာ ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် မြို့နယ်လုံးဆိုင်ရာ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၆)နာရီတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ပြီး မြို့နယ်သံဃနာယက အင်းဝဆရာတော်ထံမှ သီလခံယူဆောက်တည်၍ ဩဝါဒနာယူခဲ့သည်။ ဆက်လက်၍ ပင့်သံဃာ(၁၁)ပါးအား ဌာနဆိုင်ရာများမှ ဝါဆိုသင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့သည်။ ထို့နောက် မြို့နယ်သံဃနာယက အင်းဝဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားတာ်နာယူခဲ့ပြီး ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)