မြန်အောင် နိုဝင်ဘာ ၁၉
မြန်အောင်၌ ၂၀၂၀ ခုနှစ် မိုးစပါး CERP အစီအစဉ်ဖြင့် ကောက်စိုက်စက်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၃၇ က၊ ဦးပိုင်အမှတ် ၇၉ တောင်သူဦးအုန်းလွင်၏ စံပြကွက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၂၀၂၀ ခုနှစ် မိုးစပါး CERP အစီအစဉ်ဖြင့် ကောက်စိုက်စက်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းအခမ်း အနားတွင် ဆင်းသုခ(RS)စပါးမျိုးအား ကောက်ရိတ်စက်ဖြင့် စံကွက် ရိတ်သိမ်းခြင်း၊ ကောက်ရိုးထုံးစက်ဖြင့် သရုပ်ပြခြင်းစသည့် စပါးရိတ်သိမ်းချိန် စက်ကိရိယာ အထောက်အကူပြု ပစ္စည်းများဖြင့် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ သရုပ်ပြ ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
၂၀၂၀ ခုနှစ် မိုးစပါး CERP အစီအစဉ်ဖြင့် ကောက်စိုက်စက်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ၊ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း နှင့်မြို့နယ်မြေစာရင်း ဦးစီးဌာနဝန်ထမ်းများ၊မြို့နယ် စက်မှုလယ်ယာဦးစီးမှူး မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေထွန်းနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ကွင်းအမှတ် ၂၃၇က၊ ဦးပိုင်အမှတ် ၇၉၊ တောင်သူ ဦးအုန်းလွင်၏ လယ်ယာမြေတွင် ဆင်းသုခစပါးမျိုး ၁ ဧက စပါးအစို (၉၁.၀၈,) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ်၊ မြန်အောင်