သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ သာသနာနှစ် ၂၅၆၈၊ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်

သာပေါင်း ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို သာသနာနှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း(၇)ရက်နေ့၊ ယမန်နေ့နံနက် ၄ နာရီခွဲအချိန်က စတင်၍ ညသာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင်နှင့်ဝန်ထမ်းမိသားစုများမှ အာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်ခဲ့ကြသည်။

ထိုသို့အာရုဏ်ဆွမ်းပတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်အပါး(၁၃၄)ပါးတို့ကိုပင့်ဖိတ်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း မျက်နှာစာတွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင်နှင့်ဝန်ထမ်းမိသားစုများမှ နိဗ္ဗာန်ရည်မှန်းစုပေါင်းထည့်ဝင်လှူဒါန်းအပ်‌သော သံဃိကသံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရများကို ဆက်ကပ်လောင်းလှူပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာသာဓု(၃)ကြိမ်ခေါ်ဆိုခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း