ကျွန်းလှမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆားများလှူဒါန်း

ကျွန်းလှ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံလူတန်းစားအိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆား (၃)မျိုးလှူဒါန်းကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်းများ ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုလျှင် ဆန် (၄) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား တစ်ပိဿာနှုန်းဖြင့် အိမ်ထောင်စု (၁၂၀) အား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ