ဓနုဖြူ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ အမှတ်စဥ်(၁/၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ သြဂုတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းက အမှတ်(၃၃)စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအေးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား သြဂုတ်လ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ (၁၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက် သွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)