ဝါးခယ်မမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်တော်နှင့်ဆီများ စုပေါင်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဝါးခယ်မ  ဩဂုတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက် သံဃာရာမဓမ္မဗိမာန်တော်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်သံဃာနာယကအဖွဲ့ ဆရာတော်ကြီးများ၏လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး အမှူးပြုသော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖအလှူရှင်များစုပေါင်း၍ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း၊ သီလရှင် စာသင်တိုက်များအား ဆွမ်းဆန်တော်နှင့် ဆီဆွမ်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရဘဒ္ဒန္တခေမာစာရ ကွမ်းခြံကုန်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ် တရားတော်များနာယူကြည်ညိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သာသနာရေးဆိုင်ရာများ‌ လျှောက်ထားခြင်း၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်၊ ဆီဆွမ်းများနှင့်လှူဖွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)