စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

စေတုတ္တရာ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

နှစ်ပတ်လည်အစည်းအဝေးတွင် စေတနာမွန်သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး၌ အသင်း၏ဥက္ကဋ္ဌ ဦးမိုးတင်က သဘာပတိအဖြစ်ဆောင်ရွက်၍ အသင်းအား (၁၉၈၀) ခုနှစ်မှ စတင်ဖြစ်တည်လာပုံနှင့် အသင်း၏အ‌ခြေအနေများအားရှင်းလင်းပြောကြားခြင်း၊မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်ကအမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးညီညီနိုင်ကသမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် အသင်းအဖွဲ့တာဝန်ရှိသူတို့က အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အရှုံးအမြတ်စာရင်း၊ အမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေးအခြေပြုလက်ကျန်ရှင်းတမ်းများ၊ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒများရယူ၍ သဘာပတိကအတည်ပြုခဲ့သည်။

စေတုတ္တရာမြို့နယ် "စေတနာမွန်" ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အနေဖြင့် ယနေ့အထိ အစိုးရဝန်ထမ်းပေါင်းစုံ အသင်းသူ/သား (၈၆၈) ဦးပါဝင်၍ ယင်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အသင်းသူ/သားများ၏အစုအပေါ် အမြတ်ငွေကျပ် (၁၅၂၀၈၂၀၀) ထောက်ပံ့ကာငွေကျပ် (၄၅၀၀၀၀) ကျပ် လက်ဆောင်ငွေထုတ်ပေးထားကြောင်း သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)