စလင်း သြဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါင်းနားရပ်ကွက် မင်းအာကာမြွေရံဘုရား တန်ဆောင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်းနားရပ်ကွက်အတွင်းရှိ ကျောင်း သား/ကျောင်းသူလူငယ်များနှင့် ရပ်ကွက်နေပြည်သူများအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ပန်းခင်းစီမံချက်အဆင့်(၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်း၍လည်းကောင်း၊ ပေါင်းနားရပ်ကွက်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။
(မောင်လွင်)စလင်း