ပခုက္ကူ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်း လင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ် စာရေးဆရာအသင်းဝင် စာရေးဆရာအောင်ဝင်း(မျိုးချစ်သူ-ရေစကြို)က စာရေးဆရာတက္ကသိုလ် ဘုန်းနိုင်ရေးသားထုတ်ဝေထားသော “သူ့ကျွန်မခံပြီ”စာအုပ်အကြောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ၊ ဆရာမများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကာ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပြန်/ဆက်)