ပေါင်းတည် သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ကာ နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ၃၈လမ်း အခြေခံပညာကျောင်းတွင် ဆက်လက်ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာပေကျေးဇူးအကြောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး၊ ဒုတိယဦးစီးမှူး ဒေါ်၀င်းမြသန်းနှင့် ၀န်ထမ်းများက စာရိတ္တဆိုင်ရာနှင့် အသိပညာပေးစာပေများ ဖတ်ကြားရှင်းလင်းခြင်း၊ သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေနံရံကပ်စာစောင်များ ပြသပေးခဲ့ကြရာ ကျောင်းသား၊ကျောင်းသူ လူငယ်လေးများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။
ယင်းနောက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူလေးများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက် )