ထားဝယ် ဩဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများအပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ထားဝယ်သူနာပြုကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက လှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး လျှောက်လမ်းနှင့်သင်တန်းခန်းမအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ကျောင်းဝင်းအတွင်း အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့်မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့်ခြုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့်သယ်ယူစွန့်ပစ်ပေးခြင်းထွက်ရှိလာသော အမှိုက်များအားအမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပြီး စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)