သရက်မြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

သရက် ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့/ရွာ သန့်ရှင်းသာယာလှပရေးအတွက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ လမ်းဆုံများတွင် အမှိုက်များ သိမ်းဆည်းခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇) နာရီက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဝင်းအတွင်း၌  ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း များ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမ (၃၁၄)ဦးခန့်ဖြင့် ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များနှင့် အမှိုက်များကို ရှင်လင်းဆောင်ရွက်ပေးခဲ့ပြီး စည်ပင်သာယာ အမှိုက်သိမ်းယာဉ်ဖြင့်   သိမ်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(ပြန်/ဆက်)