ကျောင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပြပွဲပြိုင်ပွဲများ ဆောင်ရွက်ပေး

ကန့်ဘလူ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကို ချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြပွဲပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၃) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ပြပွဲပြိုင်ပွဲများပြုလုပ်ရာတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာ ဗဟုသုတ တိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဥ်ကပင် အသုံးပြုတတ်လာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ​၊ ပန်းချီပြိုင်ပွဲ၊ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြပြီး ပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။

ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူ (၂၄) ဦးတို့က ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြပြီး လာရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်နှင့် ခဲတံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)