တောင်တွင်းကြီး သြဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များအတွက် (Packaging၊ Labelling and food Safety) ဆိုင်ရာ အသိပညာမျှဝေခြင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပရာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ရေခံမြေခံ ပထဝီအနေအထားနှင့် အပြန်အလှန် ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး အေးချမ်းသာယာစည်ပင်ဝပြောရေး၊ ခေတ်မှီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေး၊ လူမှုစီးပွားဖွံဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် သော့ချက်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် စီးပွားရေးလုပ်ငန်း ဦးမော့လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်းများစွာရှိသည့်အနက် MSMEလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါကြောင်း၊ MSME လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်လာစေပြီး နိုင်ငံသားတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပြည်တွင်းတွင် ပေါများလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်နှင့် (Machine City Company Limited) မှ ဒေါက်တာရဲမြင့်ဦးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က ပဲကြော်၊ ပဲလှော်ထုတ်ပိုးခြင်း၊ ထုတ်ပိုးစက်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာများ မျှဝေဆွေးနွေးခဲ့ပြီး (City Galaxy Company Limited) မှ (Managing Director) ဒေါက်တာ ရဲမြင့်ဦးက အစားအစာထုတ်ပိုးရခြင်း အကြောင်းအရင်းများ၊ အစားအစာထုတ်ပိုးရာတွင် ပါဝင်သော အစိတ်အပိုင်းများ၊ ထုတ်ပိုးရာတွင်စဉ်းစာရန်အချက်များ၊ Packaing ဆိုင်ရာ နည်းပညာများနှင့် စက်ပစ္စည်းများအကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များက ဆွေးနွေးမှုနှင့် ပတ်သတ်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
နောင်နောင် (ပြန်/ဆက်)