တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး သြဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီခွဲအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးမိုးမိုးမြင့်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ Grade-3 မှ ကျောင်းသား၊ ကျောင်းသူ () ဦးက ဂုံရှမ်း စာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှ ရေးသားပြုစုသည့် “စာတက်ခြင်း၏ အကျိုး” ခေါင်းစဥ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် သုတ/ရသ စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။  

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး Grade-3 မှ ကျောင်းသား၊ ကျောင်းသူ (၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင်(ပြန်/ဆက်)