စေတုတ္တရာ ဩဂုတ်လ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကားပြောကြား၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ (မကွေးတိုင်းဒသကြီး) ရုံးမှ ဒုတိယစာရင်းအင်းမှူး ဒေါ်ယဉ်ယဉ်ချစ်နှင့် ဒေါ်လဲ့လဲ့တို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်စာရင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြား၍ ဘေးသင့်အိမ်ထောင်စု/ လူဦးရေစာရင်း၊ လူနေအဆောက်အဦပစ္စည်း ပျက်စီး၊ ဆုံးရှုံးမှုစာရင်း၊ ပိုင်ဆိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူမှုပုံစံလျှောက်လွှာ လိုအပ်သည့်ပစ္စည်းများ ကောက်ယူမှုစာရင်းပုံစံအစရှိသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပို့ချပေးခဲ့သည်။
အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်လက်များ ကောက်ယူမှုသင်တန်းတွင် စေတုတ္တရာမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စု (၄၈) အုပ်စုမှ အုပ်ချုပ်ရေးမှုးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သင်တင်းပို့ချသည့်တာဝန်ရှိသူများက ဖြေကြားပေးခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရုံးနှင့် ခရိုင်များသို့ သင်တန်းပို့ချခြင်း၊ မြို့နယ်များအလိုက်ကွင်းဆင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များကို ဌာန၊ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများအား ကွင်းဆင်း၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)