ညောင်လေးပင်မြို့နယ်၌ သုတ/ရသ ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်လေးပင် ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ သုတ/ရသ ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁၃း၀၀) နာရီအချိန်က ညောင်လေးပင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးရီက အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုကော်မတီအဖွဲ့ဝင်၊ မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဌေးနိုင်တို့က သုတ/ရသ ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့် (လှမြင့်ဦး-ညောင်လေးပင်)က “အနာဂတ်ရဲ့ကလေးများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးရေ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)