အောင်ချမ်းသာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရေဦး၊ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကာယ၊ ဉာဏ်ဏ၊ စာရိတ္တကောင်းမွန်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ဩဂုတ် ၉ ရက်နံနက် ၉ နာရီက ရေဦးမြို့ အောင်ချမ်းသာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာ‌ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က အဖွင့်အမှာစကားပြေားကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမဒေါ်မြသင်းချိုက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပုံနှင့် ကြိုတင်ကာကွယ်ရေးနည်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့်ကလေးအလုပ်သမားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊

မြို့နယ်အားကစားမှူး ဒေါ်မေသက်လွင်စိမ်းက လူငယ်များအားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပြီးကျောင်းသားများအား သံချဆေးများ တိုက်ကျွေးခဲ့ကြသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများကျင်းပပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

 ပြိုင်ပွဲများအပြီးတွင် ကျောင်းသားကျောင်းသူများက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပ‌‌ပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေး ပိုစတာများ၊ သုတရသစာအုပ်များပြသခဲ့ရာ စိတ်ဝင်တစား ကြည့်ရှု့ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းကြရာ ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ရှင်းလင်းဆွေးနွေးပေးခဲ့ ကြောင်းသိရသည်။

သန်းသန်း(ရေဦး)