ကဝ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ခမဲပြင်ကျေးရွာအုပ်စုတွင် ပဲခူးမြစ်ရေများဝင်ရောက်လာမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းကျေးရွာများမှ ပြည်သူများ ယနေ့နံနက်ပိုင်းမှစ၍ နီးစပ်ရာကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ် ခမဲပြင်ကျေးရွာအုပ်စုတွင် ပဲခူးမြစ်ရေများဝင်ရောက်လာမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းကျေးရွာများတွင် ရေများ(၅)ပေခန့်ဝင်ရောက်လာပြီး လူနေအိမ်(၂၂)လုံး ရေနစ်မြုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၉၈)ဦးမှာနီးစပ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သွားရောက်၍ အားပေးစကားပြောကြားပြီး ထမင်းထုပ်နှင့် ရေသန့်ဘူးများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)