ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကျင်းပ

ပန်းတောင်းသြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ဩဂုတ်လ ၇ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က အ.လ.က(ခွဲ)နဘူးကျင်းစာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတိုး(ထုံးဘို)မှ “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခွန်နေဒူး(သနီမြေ)မှ “လောကဓမ္မရာဇာအကြောင်းနှင့်ကဗျာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/သူများအား သုတ/ရသစာပေအကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ရွှေတိုး(ထုံးဘို)မှ တတိယတန်းကျောင်းသားတစ်ဦးအား သုတစုံလင်ဆုအဖြစ် လက်ပတ်နာရီတစ်လုံးအား လက်ဆောင်ပေးခဲ့ပြီး ဆရာမတစ်ဦးမှကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)