ဇီးကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း ဩဂုတ်

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဩဂုတ်လ ၇ ရက်နေ့က သိမ်ကြီးရိုးအခြေခံပညာမူလတန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့်ပုံပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်း၊ ဉာဏ်စမ်းပဟေဠိများ ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုပပျောက်ရေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)