နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရထားလမ်းမြောင်း မြေထိန်းနံရံနှင့် မြေသားရေမြောင်း ဆယ်ယူခြင်း ဆောင်ရွက်

 

နတ်မောက် ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တမာပင်ရပ်ကွက် ရထားလမ်းရေမြောင်း  မြေထိန်းနံရံဆောက်လုပ်ခြင်းနှင့် မြေသားရေမြောင်းဆယ်ယူခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         

အဆိုပါ တမာပင်ရပ်ကွက် ရထားလမ်းရေမြောင်း မြေထိန်းနံရံဆောက်လုပ်ခြင်းကို  ခွင့်ပြုရန်ပုံငွေ ၁၆ ဒဿမ ၈၅၅ ကျပ်သန်း အကုန်အကျခံကာ တင်ဒါအောင်ကုမ္ပဏီမှ အရှည် ၄၅ ဒဿမ ၇၂ မီတာ၊ အကျယ် ၂ ဒဿမ ၄၄ မီတာနှင့် ထု ၀  ဒဿမ ၄၆ မီတာရှိ မြေထိန်းနံရံဆောက်လုပ်ခြင်းနှင့်အတူ အရှည် ၅၉၄ ဒဿမ ၃၃ မီတာ၊ အကျယ် ၂ ဒဿမ ၄၄ မီတာနှင့် ထု ၀  ဒဿမ ၆၁ မီတာ ရှိ မြေသားရေမြောင်းဆယ်ယူခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်ထားရှိသော ရေမြောင်းများအား ပြုပြင်ဆောင်ရွက်ခြင်း၊ လိုအပ်သည့်နေရာများတွင် အသစ်ထပ်မံတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

မူမူစန်း