နတ်မောက်မြို့နယ်၌ မိုးစပါးများ စတင်စိုက်ပျိုး 

နတ်မောက် ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးစပါးများကို ရပ်ကွက်/ကျေးရွာများရှိ တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၄-ခုနှစ်  မိုးစပါးကို (၂၄၈၆၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ဆည်ရေ၊ ဆည်ငယ် ကန်ငယ်များမှရရှိသော လယ်မြေများ၌ စပါးများ စတင်စိုက်ပျိုးကြမည်ဖြစ်ပြီး မိုးကောင်းသောက်လယ်မြေများတွင် မိုးစပါးများ စတင်စိုက်ပျိုးနေကြပြီဖြစ်သည်။ နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံနှင့် ကျောက်တံခါးရေလှောင်တမံမှ ဖြန့်ဝေသောရေများ၊ ဆည်ငယ်ကန်ငယ်များမှ ဖြန့်ဝေသည့် ရေများဖြင့် မိုးစပါးများ စိုက်ပျိုးရန်အတွက် စပါးများ ပျိုးထောင်ခြင်း၊ ဆည်ရေဖြင့် စိုက်ပျိုးထားသည့် နွေစပါးများ ရိတ်သိမ်းခြွေလှေ့နေကြပြီး ရိတ်သိမ်းပြီး လယ်များတွင် ထွန်ရေးပြုပြင် ထွန်ယက်ခြင်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မူမူစန်း