ဟိုင်းကြီးကျွန်း သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ လမ်းပမ်း ဆက်သွယ် ရေးသွားလာရလွယ်ကူစေရန်အတွက် အမှတ်(၁)ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်သော ပိတောက်ရွှေဝါလမ်း (၇၅၀'၁၂'၆") ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လမ်းအရည်အသွေး ပြည့်မှီစေရေး၊ သတ်မှတ်ရက်အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လမ်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းတို့ကိုခုတ်ထွင် ရှင်းလင်းပစ်ရန်နှင့် လမ်းပိုင်း ကြံ့ခိုင်မှု ကောင်းမွန်စေရေးတို့ကို စနစ်တကျဂရုပြုဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)