ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများနှင့်ဝန်ထမ်းများသက်သာချောင်ချိရေး အခြေခံစား သောက်ကုန် ပစ္စည်းများ ရပ်ကွက်/ ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ဟိုင်းကြီးကျွန်း သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကိုယနေ့နံနက် (၀၈း၀၀) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထို့သို့ရောင်းချရာတွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများသည် ရပ်ကွက်နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်(၁) ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၄)ပြည်၊ ဆီ(၁)ပိဿာလျှင် (၆၅၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် (၁၀၀)လုံး တို့အား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့သည့်အတွက် ရပ်ကွက်နေပြည်သူများမှလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်းသိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)